စိန်ခေါ်သံ

ဘဝမှာ ဒဏ်ရာတွေနှင့်ထုံကျင်နေခဲ့ပြီ
အမှားပေါင်းများစွာနဲ့
လမ်းခရီးဖြောင့်ဖြူးခဲ့တာ
ဘယ်လိုမှားယွင်းမှုများလဲကွာ။

လောကမှာ
ကိုယ်မရှိရင် ပိုများကောင်းလေမလား
ပိုင်းခြားပြလို့မရတဲ့ တန်ဖိုးတွေ။

ဘဝမှာ
အရှုံးတွေ အပြုံးနှင့်ပွေ့ပိုက်ရင်း
လောကမှာ
ခေါင်းမော်ဝံ့ကြွားနိုင်စွမ်းရှိဆဲပါ
တိုင်စန်ရဲ့ထိုးချက်မျိုးနဲ့
အလဲထိုးပြမယ်
လောကပရိတ်သတ်ရှေ့
ဘဝကြိုးဝိုင်းစင်မြင့်ထက်မှာ။

                    ဒီမာန်
                    (၁၅ – ၁၁ – ၂၀၀၁)

Leave a Reply

Your email address will not be published. Required fields are marked *