Category: ကဗျာ

အကြောင်းများ

ကမ္ဘာရွာမှာခရစ်ယာန်မို့ ဘုရားချစ်တာမဟုတ်ဘုရားကချစ်လို့ ခရစ်ယာန်ဖြစ်ခွင့်ရပါပေါ့ ဘယ်သူသေသေ ငတေမာပြီးရောတို့တွေမှာ သဘောထားရက်ပါဘူး(ဂိုဏ်းပေါင်းစုံ) ပေါင်းစုကာပေါ့အတူလူငယ်များ သိတဲ့အသိဆရာစားမချန် ဝေမျှကာ ဆွေးနွေးကြပြန်တော့ဪ………လူတွေများနော်မသိတစ်ဖုံ သိတစ်ဖုံနဲ့ သိကုန်သော်လည်းကျေးဇူးတော် အလွဲသုံးစားလုပ်စီးပွားပညာ အာဏာ အစာမကျန်ပါဘူးကိုင်းဖျားကငှက် ပျံကာထွက်တော့ကိုင်းဖျားခတ်ကာ ကိုယ့်လာရိုက်ပေမယ့်မိုးမျှော်တိုက်နဘေးမှာ ဖိနပ်ချွတ်သာသာတဲထိုးကာ ခိုနားရသူမှာဖြင့်မနက်ဖြန်ကို မပိုင်စိုးတော့တယ်အလိုတော်အရပေါ့လို့သာပေကပ်ခံကာနေရရှာကိုယ်ရမယ့်သဟာတောင်မှပညာကိုယ်မှာမကပ်တာကြောင့်တောင်းဖို့ရန်မဆိုနဲ့ခေါင်းမော်ကာ ထောင်မကြည့်ဝံ့ပါဘူးခုရှုပ်မှနောင်ရှင်း၊ ကျောခင်းတော့ထိုင်မနေရတဲ့အလုပ်တွင်တွင်သာလုပ်နေရတယ်ဪ…….သနားစရာမီးတကာ့အပူဆုံးမီးမှာဝမ်းမီးအရေးပေကိုး…..။ (Asian Student and …

Read More

အတိတ်ကောက်ကြောင်း

ရာစုသစ်ကြီးရေကြည့်ပါအုံး ကိုယ်ယူဆောင်ခဲ့တာတွေဟိုကတည်းက အမွေတွေလက်ဆင့်ကမ်းသယ်ဆောင် နှမြေတသစွာ ထုပ်ပိုးခဲ့တာမဟုတ်ဘူးနော်သံယောဇာဥ် အမျှင်တန်းနဲ့တမ်းတမ်းစွဲလိုက်ပါခဲ့ကြတာပါ…ကြည့်…..သေတ္တာအနက်နဲ့ မိုက်ပြစ်တွေအပြည့်အမုန်းအတ္တ၊ မာန်မာနတွေလည်းလှပစွာ ပုံသွင်းထုပ်ယူလို့သူတို့ကို ကိုယ်မထားခဲ့နိုင်ပါ ကြည့်လေ…အသည်းကွဲရောင်လွှမ်းတဲ့နှုတ်ခမ်းလွှာစုံတွေကြောင့်မကောင်းမှုများစွာကိုကြားနာခဲ့ကြရတယ်မဟုတ်လား ကဲပါ…ဒါတွေထားခဲ့မယ်ဘဝသစ်မှာလက်ဝါးရာပါးပြင်မထင်စေဖို့ခရီးလမ်းမှာ ခလုတ်ကန်သင်းကင်းစေဖို့ကိုယ်တော်ညွှန်ပြတဲ့လမ်းခရီးမှာ အမှန်တရားနဲ့လျှောက်သူပေးတဲ့မေတ္တာယူလို့ချစ်ခြင်းကြွေးမြှီများသာတင်ရှိစေဖို့ရာစိတ်ချင်ခြင်းတွေဖြစ်စေတဲ့ဝေဒနာခရီးလမ်းကမိုက်ကြွေးမိုက်ပြစ်တွေနဲ့ကိုယ်ပါ။               ဒီမာန်

Read More

လွမ်းပွင့်ဝေနေ့ညများ

…….ဟိုနောက်မှာတစ်ပွင့်အလွမ်းပွင့်ရင်ခုန်ဆုံချက်ချိန်ညှိခက်ဆဲတစ်ပါးသူအား ကြည်ဖြူဆဲကိုယ်အားညှို့ယူဆဲအကြိုလွမ်းနေ့တစ်နေ့မှနေ့ညရက်ရှည်အကြိုလွမ်းပွင့်တစ်ပွင့်မှ ပွင့်ရာထောင်ဝေ…….။ ……..ဟောဒီမှာတစ်ပွင့်အလွမ်းပွင့်ချစ်ဝံ့ခက်ခက်စွန့်ခက်ခက်နှင့်ကြားလေသွေးလို့ဝေးရလည်းလေအလွမ်းပွင့်တွေဝေ။ ……..ဟောဒီမှာတစ်ပွင့်အလွမ်းပွင့်ကြမ္မာထုံမြင်ယုံတောင်မကြည့်ရခွာဝေးရတော့လွမ်းရဖုံဖုံအလွမ်းရောင်စုံနှင့်လွမ်းပွင့်လှိုင်ဝေ။ ……..ဟိုးရှေ့မှာအလွမ်းပွင့်တွေဝေမနေပါစေနှင့်ချစ်ပွင့်မဝေရင်လည်းလေလွမ်းပွင့်တွေရယ် ကြွေကာကျပါတော့ချစ်ပွင့်မဝေရင်လည်းလေဪ…..အလွမ်းရာသီရယ် ဆုံးပါတော့….။                     ဒီမာန်              …

Read More

စိန်ခေါ်သံ

ဘဝမှာ ဒဏ်ရာတွေနှင့်ထုံကျင်နေခဲ့ပြီအမှားပေါင်းများစွာနဲ့လမ်းခရီးဖြောင့်ဖြူးခဲ့တာဘယ်လိုမှားယွင်းမှုများလဲကွာ။ လောကမှာကိုယ်မရှိရင် ပိုများကောင်းလေမလားပိုင်းခြားပြလို့မရတဲ့ တန်ဖိုးတွေ။ ဘဝမှာအရှုံးတွေ အပြုံးနှင့်ပွေ့ပိုက်ရင်းလောကမှာခေါင်းမော်ဝံ့ကြွားနိုင်စွမ်းရှိဆဲပါတိုင်စန်ရဲ့ထိုးချက်မျိုးနဲ့အလဲထိုးပြမယ်လောကပရိတ်သတ်ရှေ့ဘဝကြိုးဝိုင်းစင်မြင့်ထက်မှာ။                     ဒီမာန်                …

Read More