အကြောင်းများ

ကမ္ဘာရွာမှာ
ခရစ်ယာန်မို့ ဘုရားချစ်တာမဟုတ်
ဘုရားကချစ်လို့ ခရစ်ယာန်ဖြစ်ခွင့်ရပါပေါ့

ဘယ်သူသေသေ ငတေမာပြီးရော
တို့တွေမှာ သဘောထားရက်ပါဘူး
(ဂိုဏ်းပေါင်းစုံ) ပေါင်းစုကာပေါ့အတူ
လူငယ်များ သိတဲ့အသိ
ဆရာစားမချန် ဝေမျှကာ ဆွေးနွေးကြပြန်တော့
ဪ………
လူတွေများနော်
မသိတစ်ဖုံ သိတစ်ဖုံနဲ့ သိကုန်သော်လည်း
ကျေးဇူးတော် အလွဲသုံးစားလုပ်
စီးပွားပညာ အာဏာ အစာမကျန်ပါဘူး
ကိုင်းဖျားကငှက် ပျံကာထွက်တော့
ကိုင်းဖျားခတ်ကာ ကိုယ့်လာရိုက်ပေမယ့်
မိုးမျှော်တိုက်နဘေးမှာ ဖိနပ်ချွတ်သာသာ
တဲထိုးကာ ခိုနားရသူမှာဖြင့်
မနက်ဖြန်ကို မပိုင်စိုးတော့တယ်
အလိုတော်အရပေါ့လို့သာ
ပေကပ်ခံကာနေရရှာ
ကိုယ်ရမယ့်သဟာတောင်မှ
ပညာကိုယ်မှာမကပ်တာကြောင့်
တောင်းဖို့ရန်မဆိုနဲ့
ခေါင်းမော်ကာ ထောင်မကြည့်ဝံ့ပါဘူး
ခုရှုပ်မှနောင်ရှင်း၊ ကျောခင်းတော့ထိုင်မနေ
ရတဲ့အလုပ်တွင်တွင်သာလုပ်နေရတယ်
ဪ…….သနားစရာ
မီးတကာ့အပူဆုံးမီးမှာ
ဝမ်းမီးအရေးပေကိုး…..။

(Asian Student and Youth Gathering) အမှတ်တရ လှိုင်သာယာစက်မှုဇုံ ရွေ့ပြောင်းလုပ်သား များ၏ဘဝကို ဂုဏ်ပြုစပ်ဆို ထားပါသည်။)

                      ဒီမာန်
                      ၉ – ၇ – ၁၉၉၉
                      ၁၃း၀၀ နာရီ
                      MCC Quarter. Yangon.

Leave a Reply

Your email address will not be published. Required fields are marked *