အတိတ်ကောက်ကြောင်း

ရာစုသစ်ကြီးရေ
ကြည့်ပါအုံး ကိုယ်ယူဆောင်ခဲ့တာတွေ
ဟိုကတည်းက အမွေတွေ
လက်ဆင့်ကမ်းသယ်ဆောင်

နှမြေတသစွာ ထုပ်ပိုးခဲ့တာမဟုတ်ဘူးနော်
သံယောဇာဥ် အမျှင်တန်းနဲ့
တမ်းတမ်းစွဲလိုက်ပါခဲ့ကြတာပါ…
ကြည့်…..
သေတ္တာအနက်နဲ့ မိုက်ပြစ်တွေအပြည့်
အမုန်းအတ္တ၊ မာန်မာနတွေလည်း
လှပစွာ ပုံသွင်းထုပ်ယူလို့
သူတို့ကို ကိုယ်မထားခဲ့နိုင်ပါ

ကြည့်လေ…
အသည်းကွဲရောင်လွှမ်းတဲ့
နှုတ်ခမ်းလွှာစုံတွေကြောင့်
မကောင်းမှုများစွာကို
ကြားနာခဲ့ကြရတယ်မဟုတ်လား

ကဲပါ…
ဒါတွေထားခဲ့မယ်
ဘဝသစ်မှာ
လက်ဝါးရာပါးပြင်မထင်စေဖို့
ခရီးလမ်းမှာ ခလုတ်ကန်သင်းကင်းစေဖို့
ကိုယ်တော်ညွှန်ပြတဲ့
လမ်းခရီးမှာ အမှန်တရားနဲ့လျှောက်
သူပေးတဲ့မေတ္တာယူလို့
ချစ်ခြင်းကြွေးမြှီများသာတင်ရှိစေဖို့ရာ
စိတ်ချင်ခြင်းတွေဖြစ်စေတဲ့
ဝေဒနာခရီးလမ်းက
မိုက်ကြွေးမိုက်ပြစ်တွေနဲ့ကိုယ်ပါ။

              ဒီမာန်

Leave a Reply

Your email address will not be published. Required fields are marked *